Friday, June 13, 2008

ကျောင်းနေအရွယ်ကလေးငယ် ဖေးတွယ်ကူမ စောင့်ရှောက်ကြ (၂) (ဘလော့ရဲ့ ဒုတိယပို့စ်ရဲ့ အဆက်ပါ)


စာသင်ပေးတဲ့ ဘုန်းဘုန်းက ဦးလေးသူငယ်ချင်းဆိုတော့ ကျွန်မတို့ကတော့ လူနံမည်နဲ့ တွဲပြီး ဘုန်းဘုန်းစိန်ဝင်းကြိုင်လို့ပဲ ခေါ်ပါတယ်။ အရင်ကတော့ ကျွန်မဦးလေးနဲ့ အရက်သောက်ဖော်တွေပါ။ ဦးလေးက အရက်နဲ့ ပဲဆုံးသွားတော့ ဦးလေးဆုံးတုန်းကတော့ ကွန်မတို့ဘက်က အမျိုးအင်အားတောင့်တော့ စည်စည်ကားကား သဂြိုလ်နိုင်ပေမဲ့ သူသေရင် လမ်းဘေးသေရမှာက အစ အကျွတ်တရားတွေရပြီး သာသနာ့ဘောင်ကို ရာသတ်ပန်ဝင်သွားတာပါ။ ကိုယ်တိုင်ကလဲ ပညာတက်တစ်ယောက် ဘ၀အသိတွေကလဲ အများကြီးရှိထားတဲ့သူဆိုတော့ ကလေးတွေကို တက်စေ ဖြစ်စေချင်တဲ့ စေတနာတွေနဲ့ အလွန်အပင်ပန်းခံ သင်ကြားပေးနေပါတယ်။

ကလေးတွေက ၂ တန်းလောက်ဆိုပေမဲ့ တစ်ချို့ဆို ၁၀ နှစ် လောက်ရှိနေပါပြီ။ ဦးနှောက်တွေကလဲ ဖွံ့ဖြိုးနေတဲ့အချိန်ဆိုတော့ ဘုန်းဘုန်းက ၄တန်းကလေးလောက်ဆိုရင်လဲ လေးတန်းစာလောက်နဲ့ မရပ်နေပဲ ၅တန်း ၆တန်း ပညာတွေအထိ သင်ကြားပေးနေပါတယ်။ အခုလို ဘုန်းတော်ကြီးသင် အခမဲ့ကျောင်းထွက် ကလေးတွေကို အစိုးရ အထက်တန်းကျောင်းတွေက ကျောင်းသားတွေအနေနဲ့ လျှော့တွက် အထင်သေးကြပါတယ်။ အဲလောက်မဖြစ်ရအောင် ဆ၇ာတော်က ကလေးတွေ အထက်တန်းကျောင်းပြောင်းရင် သူများတွေထက် သာနေဖို့ကို အစစအရာရာကြိုတွေးပြီး အားသွန်ခွန်စိုက် သင်ကြားပေးနေတာ အရမ်းပဲ လေးစားစရာကောင်းပါတယ်။

ကျွန်မလဲ ဒါလေးတွေမြင်ရတော့ ကိုယ်တိုင်လှူယုံနဲ့ အားမရနိုင်ပဲ ကွန်မရဲ့ သူငယ်ချင်းတွေကိုလဲ ကုသိုလ်မျှဝေလိုလာတာနဲ့ ဘုန်းဘုန်းကို တက်နိုင်သလောက် အလှူငွေကောက်ခံပေးပါမယ်လို့ ကတိပြုခဲ့ပါတယ်။ နောက်အခုလို Internet မှာ ဘလော့လေးဖွင့်ပြီးပါ အလှူခံပေးပါမယ်ဆိုတော့ ဘုန်းဘုန်းက အလွန်တရာကို ၀မ်းသာနေပါတယ်။ ကွန်မလဲ ရှိစုမဲ့စု လေးတွေလှူရင်း ကိုယ်ပြုတဲ့ကုသိုလ်ကိုယ် အရမ်းကျေနပ်မိပါတယ်။

နောကတစ်နေ့ ဘုန်းဘုန်းဆီက လက်ကမ်းစာစောင်လေးတွေနဲ့ လိုအပ်တာလေးတွေ ယူဖို့အသွားမှာ လမ်းမှာ တွေတဲ့ ကလေးလေးတွေကို ကျွန်မကို နှုတ်ဆက်ကြပါတယ်။ "မကြီးဘယ်သွားမှာလဲ" "မကြီး ကျွန်တော်တို့ကျောင်းကို သွားမလို့လား" နဲ့။ ကျွန်မမှာ ပါးစပ်ကို စိလို့မရပါဘူး။ သူတို့ကို ဖြေရင်းနဲ့ ကျေနပ်နေမိတာ.။ အဲ့ပီတိက တကယ့်ကို အရသာရှိပါတယ်။ကလေးတွေအတွက်လဲ တက်နိုင်သလောက် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်မိပါတယ်။

ဒါတောင် ကျွန်မသွားခဲ့တာ ကျောင်း ၆ ကျောင်းထဲက အခမ်းနားဆုံးကျောင်းပါ။ တစ်ချို့ကျောင်းတွေမှာ စာရေးခုံမရှိပါဘူး။ ဖင်ထိုင်ခုံ ခုံတန်းရှည်လေးတွေ ၃ ၄ ခုံကို စာရေးခုံလုပ်လို့ သင်ကြရပါတယ်။ ဖျားကြမ်းတွေခင်း ဖျာလွတ်တဲ့နေရာတွေမှာတော့ ဖိနပ်လေးတွေ ခုထိုင်ပြီး သင်ကြရတဲ့ ကလေးတွေဘ၀ဟာ သိပ်သနားစရာကောင်းတယ်။

ဆရာတော်ကတော့ ရှိတဲ့ အဝေးသင် တက်နေတဲ့ လူငယ်တွေကိုပဲ လစာပေးလို့ ဆရာ ဆရာမအဖြစ်ခန့်အပ်ထားရပါတယ်။ တစ်ချို့လတွေဆို ဆရာ ဆရာမတွေကို လစာမပေးနိုင်လို့ လစာကြွေးတင်တဲ့ လတွေတောင်ရှိပါတယ်။

အဲဒီအတွက်ဆရာတော်က မတည်ငွေ သိန်းတစ်ရာ နဲ့ လစဉ်အလှူငွေဆိုပြီး ခွဲခြားထားပြီး အလှူခံနေပါတယ်။ အခုထိတော့ ကွန်မနေထိုင်ရာ စင်ကာပူမှာ ရှိတဲ့ လက်လှမ်းမှီတဲ့ လူတွေဆီကပဲ အလှူခံနေပါတယ်။ လစဉ်အလှူငွေအနေနဲ့ကတော့ ခုထိ သက်သက်မှတ်မှတ်မရှိသေးပါဘူး။

သူငယ်ချင်းတို့လဲ စင်ကာပူကဆိုရင် တိုက်ရိုက်လှူဒါန်းနိုင်ပါတယ်။
အခြားနိုင်ငံတွေကလဲ တစ်ယောက်လောက်က တာဝန်ယူ ကောက်ခံပေးနိုင်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပဲ။
မေးချင်တာရှိရင် ယခု CBox ထဲမှာ နှင့် mingalar.tharsi@gmail.com ကို add ပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

No comments: