Friday, June 13, 2008

ကျောင်းနေအရွယ်ကလေးငယ် ဖေးတွယ်ကူမ စောင့်ရှောက်ကြ (၂) (ဘလော့ရဲ့ ဒုတိယပို့စ်ရဲ့ အဆက်ပါ)


စာသင်ပေးတဲ့ ဘုန်းဘုန်းက ဦးလေးသူငယ်ချင်းဆိုတော့ ကျွန်မတို့ကတော့ လူနံမည်နဲ့ တွဲပြီး ဘုန်းဘုန်းစိန်ဝင်းကြိုင်လို့ပဲ ခေါ်ပါတယ်။ အရင်ကတော့ ကျွန်မဦးလေးနဲ့ အရက်သောက်ဖော်တွေပါ။ ဦးလေးက အရက်နဲ့ ပဲဆုံးသွားတော့ ဦးလေးဆုံးတုန်းကတော့ ကွန်မတို့ဘက်က အမျိုးအင်အားတောင့်တော့ စည်စည်ကားကား သဂြိုလ်နိုင်ပေမဲ့ သူသေရင် လမ်းဘေးသေရမှာက အစ အကျွတ်တရားတွေရပြီး သာသနာ့ဘောင်ကို ရာသတ်ပန်ဝင်သွားတာပါ။ ကိုယ်တိုင်ကလဲ ပညာတက်တစ်ယောက် ဘ၀အသိတွေကလဲ အများကြီးရှိထားတဲ့သူဆိုတော့ ကလေးတွေကို တက်စေ ဖြစ်စေချင်တဲ့ စေတနာတွေနဲ့ အလွန်အပင်ပန်းခံ သင်ကြားပေးနေပါတယ်။

ကလေးတွေက ၂ တန်းလောက်ဆိုပေမဲ့ တစ်ချို့ဆို ၁၀ နှစ် လောက်ရှိနေပါပြီ။ ဦးနှောက်တွေကလဲ ဖွံ့ဖြိုးနေတဲ့အချိန်ဆိုတော့ ဘုန်းဘုန်းက ၄တန်းကလေးလောက်ဆိုရင်လဲ လေးတန်းစာလောက်နဲ့ မရပ်နေပဲ ၅တန်း ၆တန်း ပညာတွေအထိ သင်ကြားပေးနေပါတယ်။ အခုလို ဘုန်းတော်ကြီးသင် အခမဲ့ကျောင်းထွက် ကလေးတွေကို အစိုးရ အထက်တန်းကျောင်းတွေက ကျောင်းသားတွေအနေနဲ့ လျှော့တွက် အထင်သေးကြပါတယ်။ အဲလောက်မဖြစ်ရအောင် ဆ၇ာတော်က ကလေးတွေ အထက်တန်းကျောင်းပြောင်းရင် သူများတွေထက် သာနေဖို့ကို အစစအရာရာကြိုတွေးပြီး အားသွန်ခွန်စိုက် သင်ကြားပေးနေတာ အရမ်းပဲ လေးစားစရာကောင်းပါတယ်။

ကျွန်မလဲ ဒါလေးတွေမြင်ရတော့ ကိုယ်တိုင်လှူယုံနဲ့ အားမရနိုင်ပဲ ကွန်မရဲ့ သူငယ်ချင်းတွေကိုလဲ ကုသိုလ်မျှဝေလိုလာတာနဲ့ ဘုန်းဘုန်းကို တက်နိုင်သလောက် အလှူငွေကောက်ခံပေးပါမယ်လို့ ကတိပြုခဲ့ပါတယ်။ နောက်အခုလို Internet မှာ ဘလော့လေးဖွင့်ပြီးပါ အလှူခံပေးပါမယ်ဆိုတော့ ဘုန်းဘုန်းက အလွန်တရာကို ၀မ်းသာနေပါတယ်။ ကွန်မလဲ ရှိစုမဲ့စု လေးတွေလှူရင်း ကိုယ်ပြုတဲ့ကုသိုလ်ကိုယ် အရမ်းကျေနပ်မိပါတယ်။

နောကတစ်နေ့ ဘုန်းဘုန်းဆီက လက်ကမ်းစာစောင်လေးတွေနဲ့ လိုအပ်တာလေးတွေ ယူဖို့အသွားမှာ လမ်းမှာ တွေတဲ့ ကလေးလေးတွေကို ကျွန်မကို နှုတ်ဆက်ကြပါတယ်။ "မကြီးဘယ်သွားမှာလဲ" "မကြီး ကျွန်တော်တို့ကျောင်းကို သွားမလို့လား" နဲ့။ ကျွန်မမှာ ပါးစပ်ကို စိလို့မရပါဘူး။ သူတို့ကို ဖြေရင်းနဲ့ ကျေနပ်နေမိတာ.။ အဲ့ပီတိက တကယ့်ကို အရသာရှိပါတယ်။ကလေးတွေအတွက်လဲ တက်နိုင်သလောက် လုပ်ပေးဖို့ ဆုံးဖြတ်လိုက်မိပါတယ်။

ဒါတောင် ကျွန်မသွားခဲ့တာ ကျောင်း ၆ ကျောင်းထဲက အခမ်းနားဆုံးကျောင်းပါ။ တစ်ချို့ကျောင်းတွေမှာ စာရေးခုံမရှိပါဘူး။ ဖင်ထိုင်ခုံ ခုံတန်းရှည်လေးတွေ ၃ ၄ ခုံကို စာရေးခုံလုပ်လို့ သင်ကြရပါတယ်။ ဖျားကြမ်းတွေခင်း ဖျာလွတ်တဲ့နေရာတွေမှာတော့ ဖိနပ်လေးတွေ ခုထိုင်ပြီး သင်ကြရတဲ့ ကလေးတွေဘ၀ဟာ သိပ်သနားစရာကောင်းတယ်။

ဆရာတော်ကတော့ ရှိတဲ့ အဝေးသင် တက်နေတဲ့ လူငယ်တွေကိုပဲ လစာပေးလို့ ဆရာ ဆရာမအဖြစ်ခန့်အပ်ထားရပါတယ်။ တစ်ချို့လတွေဆို ဆရာ ဆရာမတွေကို လစာမပေးနိုင်လို့ လစာကြွေးတင်တဲ့ လတွေတောင်ရှိပါတယ်။

အဲဒီအတွက်ဆရာတော်က မတည်ငွေ သိန်းတစ်ရာ နဲ့ လစဉ်အလှူငွေဆိုပြီး ခွဲခြားထားပြီး အလှူခံနေပါတယ်။ အခုထိတော့ ကွန်မနေထိုင်ရာ စင်ကာပူမှာ ရှိတဲ့ လက်လှမ်းမှီတဲ့ လူတွေဆီကပဲ အလှူခံနေပါတယ်။ လစဉ်အလှူငွေအနေနဲ့ကတော့ ခုထိ သက်သက်မှတ်မှတ်မရှိသေးပါဘူး။

သူငယ်ချင်းတို့လဲ စင်ကာပူကဆိုရင် တိုက်ရိုက်လှူဒါန်းနိုင်ပါတယ်။
အခြားနိုင်ငံတွေကလဲ တစ်ယောက်လောက်က တာဝန်ယူ ကောက်ခံပေးနိုင်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပဲ။
မေးချင်တာရှိရင် ယခု CBox ထဲမှာ နှင့် mingalar.tharsi@gmail.com ကို add ပြီး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

သေပျော်ပျော်ဆိုတာ ဒါမျိုးထင်ပါရဲ့


မနေ့က ဆွေမျိုးနီးစပ်တော်တဲ့ ညီမ၀မ်းကွဲလေးတစ်ယောက်ရဲ့ အသုဘ လိုက်ပို့ခဲ့ရပါတယ်။ ကလေးအသက်လဲ သေချာမသိ.. မေးရမှာလဲ အားနာနဲ့ အလွန်ဆုံးရှိလှ ၁၀ နှစ်ပေါ့။ အခုရေးချင်တာက အဲ့ကလေးအကြောင်းထက် စင်ကာကူ သချိုင်္င်းကုန်းအကြောင်းပါ။ ဒီမှာနေထိုင်တာ ကြာပြီဖြစ်ပေမဲ့ အဲဒီကိုရောက်တာတော့ ဒါပထမဆုံးအကြိမ်ပါ။ ခမ်းနားလိုက်တာဆိုတာ မြန်မာပြည်က ဦးသန်းရွှေရဲ့ နန်းလှောင်အိမ်ကြီးတောင် ဒီလောက်လှပါ့မလားမသိ။ သူ့အိမ် ရောက်တော့ မရောက်ဖူးပါဘူး :P ။
အတွင်းရောက်ဖို့လဲ တော်တော်ဝေးပါတယ်။ အဆောက်အဦးတွေကလဲ များလိုက်တာဆိုတာ။ service halls တွေ viewing Halls တွေနဲ့ စနစ်ကျကျ လှလိုက်တာဆိုတာ။ အထဲရောက်တော့ ကားက ၀င်သွားတာ အရှိန်လွန်သွားပြီး အတွင်းဘက်ထဲထိရောက်သွားလို့ အ၀ပြန်ရောက်ဖို့ လမ်းတော်တော်ပြန်လျှောက်လိုက်၇တယ်။ အ၀မှာ ကျန်တဲ့အဖွဲ့တွေနဲ့ဆုံတော့ ခုနက ကိုယ်လျှောက်လာတဲ့ဘက်ဆီပဲ သူတို့ကသွားမှာ။ လျှာကို ထွက်ရော။
အဲ့ အတွင်းဘက်ကနေ Car Park ကိုဆင်း။ Car Park နောက်မှာ ရှိတဲ့ တံခါးကနေ စအ၀င်မှာတော့ အေးစိမ့်နေတဲ့ အဲကွန်းနဲ့ အတွင်းက အပြင်အဆင်တွေကို လူကို ဖမ်းစားသွားတော့တာပါပဲ။ ရေကန်သေးသေးလေးနဲ့ ကျောက်ခဲလေးတွေ စီထားတဲ့ ကန်လေးကလဲ လှလိုက်တာ။ မှန်တံခါးကြီးတွေနဲ့ နံရံလှလှကြီးတွေကလဲ သချိုင်္င်းနဲ့ တောင် မလိုက် လှလိုက်တာ။ Service Hall တွေဆီရောက်ဖို့ ဓါတ်လှေခါးအမြင့်ကြီးကို စီးလိုက်ရသေးတယ်။ service Hall ထဲရောက်မှ သူတို့ ဟောနဲ့ မြန်မာ ဗုဒ္ဓဘာသာ ထံးတမ်းအစဉ်အလာနဲ့ ဒုက္ခတွေ့တော့တာပဲ။ ခန်းမက အားကစားကွင်းတွေလို ခုံတွေက တဖြည့်ဖြည်းမြင့်တက်သွားတာမျိုး။ အောက်ဆုံး ကြမ်းပြင်အညီမှာမှ အခေါင်းထားတဲ့ နေရာဆိုတော့ ဘုန်းကြီးတွေက ဘယ်လိုတရားပေးရမှန်းမသိတော့ဘူး။ အဲဒါနဲ့ အခေါင်းထားတဲ့ နေရာဘေးကို ခုံတန်းတစ်ခုကို ရွှေ့ပြီး ဘုန်းဘုန်းတွေကို ထိုင်ခိုင်းရတယ်။ မိသားစုတွေကတော့ ဘုန်းဘုန်းတွေရှေ့က ရှိတဲ့ နေရာလေးမှာပဲ ဆန့်အောင်ထိုင်ပြီး ကျန်တဲ့ ပ၇ိတ်သတ်ကတော့ ဘုန်းကြီးတွေရဲ့ အမြင့်မှာထိုင်ပြီး လက်အုပ်လေးတွေချီပြီး ကန်တော့လိုက်ရတော့တာပဲ။
ရေစက်ချအပြီးမှာတော့ သဂြို င်္မဲ့နေရာကို မြင်ရတဲ့ viewing room ကိုသွားကြရပါတယ်။ တစ်ဆင့် တစ်ဆင့်မြင်တက်သွားတဲ့ အခန်းလေးကနေ အောက်ထဲမှာရှိတဲ့ အခန်းလေးက အခေါင်းလေးက တရွေ့ရွေ့ မီးသဂြိုင်္ခန်းလေးထဲဝင်သွားတာကို မြင်ရတာ မျက်ရည်ခိုင်တဲ့သူတွေတောင် မျက်ရည်ကျမိပါတယ်။ ၀မ်းလဲနည်းရင်း နိုင်ငံရဲ့တိုးတက်မှုတွေကို အံ့သြရင်းနဲ့ ၀မ်းနည်း အံ့သြကြီးကို ဖြစ်နေရတာပါပဲ။ အပင်လှလှလေးတွေ ပြာအိုးလေးတွေထားတဲ့ နေရာတွေ အဆောက်ဦးလှလှကြီးတွေ အလှမွေးငါးကန်လေးတွေနဲ့ သချို င်္င်းက ခြောက်ခြားစရာ ဖြစ်နေရမဲ့အစား အရမ်းကို ခမ်းနားကြီးကျယ်နေတော့တာပါပဲ။
နောက်ထပ်တစ်ခေါက်လောက်တော့ နှံ့စက်အောင် သွားကြည့်လိုက်ဦးမယ်။ မီးသဂြို င်္စက်ထဲတော့ မကြည့်ချင်ဘူးနော်။ သူငယ်ချင်းတို့လဲ အားရင် ဗဟုသုတ အလို့ငှာ သွားရောက်ကြည့်သင့်တယ် ထင်တာပဲ။