Friday, April 11, 2008

mingalar.tharsi@gmail.com

လွန်ခဲ့သော (၁၉၈၀)ခုနှစ် ပဲခူးတိုင်း၊ က၀မြို့နယ်၏တောင်ဘက်ခြမ်းဒေသ၊ စစ်တောင်းမြစ်ရေနှင့် မုတ္တမ ပင်လယ်ရေတို့ ပေါင်းစုံတိုက်စားမှုကြောင့် လူသားများ အတိဒုက္ခရောက်ခဲ့ကြရပါသည်။ လယ်ယာမြေနှင့် ဥစ္စာပစ္စည်းများ ဆုံးရှုံးကြရသည်အပြင် ရေဘေးဒုက္ခသည်များအဖြစ် မိမိတို့နေထိုင်ရာ အရပ်ကို စွန့်ခွာထွက်ပြေးကြရပါတယ်။
ယခုအခါ ထိုဒေသတွင် မြေများပြန်လည်ပေါ်ထွန်းလာပြီဖြစ်၍ ရွာသူရွာသားများ ပြန်လည်ရောက်ရှိလာကြသောအခါ မြေကားရှိ၏၊ ငွေမရှိ၍ ချိနဲ့သည့် အင်းအားနှင့် ရုံးကန်နေရချိန်တွင် သားသမီးများ၏ ပညာရေးကိုလဲ ဂရုမပြုနိုင်တော့ပါ။
ထိုကလေးငယ်များအတွက် ပဲခူးတိုင်း က၀မြို့နယ် သက္ကလစံပြကျေးရွာ မင်္ဂလာသာစည်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေ၀ိန္ဒ (ဂန္ထ၀ါစကပဏ္ဍ) မှ ဆရာ ဆရာမ ၁၆ယောက် ကျောင်းသား ကျောင်းသူ ၅၀၀ ကျော်တို့အား အခမဲ့ပညာသင်ကြာရေးစနစ်ဖြင့် ပညာသင်ကြားနိုင်ရန် တာဝန်ယူဆောင်ရွက်ပေးလျှက်ရှိပါသည်။ ကျောင်းနေရသော်လည်း လျှိုမြောင်အထပ်ထပ် ချောင်းကြီး ချောင်းငယ်အသွယ်သွယ်ကိုကျောင်ဖြတ်၍ ဘ/က ကျောင်းဓနိတဲသေးသေးလေးများအတွင်း ၀ါးကြမ်းလေးများခင်း၍ စာရေးကိရိယာ မစုံမလင်ဖြင့် ကျောင်းနေနေရသည့် မရှိနွမ်းပါးကလေးလေးများဘ၀မှာ အလွန်သနားစရာကောင်းလှပါသည်။
ထိုကလေးငယ်များအတွက် လိုအပ်သည့် စာအုပ်နှင့် စာရေးကိရိယာများ သင်ထောက်ကူပစ္စည်းများ အလှူငွေများ အ၀တ်အထည်များကို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ပန်ကြားနှိုးဆော်အပ်ပါသည်။

ဆက်သွယ်ရန်လိပ်စာ (မြန်မာပြည်)

ဘ/က မင်္ဂလာသာစည်ဘုန်းကြီးကျောင်း
သက္ကလစံပြကျေးရွာ၊ က၀မြို့နယ်
ပဲခူးတိုင်း။

အကျိုးတော်ဆောင်အဖွဲ့ (စင်္ကာပူ)
mingalar.tharsi@gmail.com

(အကျိုးအကြောင်းသိလိုသူများ G Talk တွင် Add ၍ဆက်သွယ်မေးမြန်းနိုင်ပါသည် )

No comments: